DEV Community

Cover image for What is AWS RDS and RDS Pricing?(Part-1) (In Burmese)
KaungThant Lwin for AWS Community Builders

Posted on

10

What is AWS RDS and RDS Pricing?(Part-1) (In Burmese)

AWS ရဲ့ fully-managed ဒေတာဘေ့စ်ဆိုတာ ဘာလဲ?

ကျွန်တာ်ဒီနေ့ မျှဝေပေးသွားမှာကတော့ AWS ရဲ့ RDS ဆိုတဲ့ Service အကြောင်းပဲဖြစ်ပါတယ်။​ RDS ဆိုတာကတော့ Relational Database Services ရဲ့အတိုကောက်ဖြစ်ပါတယ်။ ဒီ service ကတော့ AWS ရဲ့ fully-managed (မြန်မာလိုဆို AWS က အရာအားလုံး စီမံပေးထားတယ်လို့ပဲပြောရမှာပေါ့လေ) အကုန်လုံးကို စီမံ, ထိန်းချုပ်ပေးထားတဲ့ service တခုလဲ ဖြစ်ပါတယ်။ အဓိကကတော့ Developer တွေရဲ့ Business တွေကလိုအပ်တဲ့ ဒေတာဘေ့စ်တွေကို အလွယ်တကူ တည်ဆောက်လို့ရမယ်၊ အလွယ်တကူ scale up/scale down လုပ်လို့ရမယ်၊ ကျွန်တော်တို့အနေနဲ့ နောက်ကွယ်က infra ကို ဂရုစိုက်စရာမလိုပဲ အချိန်တိုအတွင်းမှာ လိုအပ်တာတွေကို ပြုလုပ်လို့ရနိုင်တာပဲဖြစ်ပါတယ်။

RDS မှာ ဘယ်လို ဒေတာဘေ့စ် အမျိုးအစားတွေကို တည်ဆောက်လို့ရနိုင်လဲ?

RDS မှာ ကျွန်တော်တို့အနေနဲ့ အသုံးများတဲ့ အောက်ပါ ဒေတာဘေ့စ် အမျိုးအစားတွေကို ရွေးချယ် အသုံးပြုနိုင်ပါတယ်။

  • MySQL
  • PostgreSQL
  • MariaDB
  • Oracle နဲ့
  • Microsoft SQL server တို့ပဲဖြစ်ပါတယ်။

RDS ရဲ့ အကျိုးကျေးဇူးများကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်

၁. ကျွန်တော်တို့အနေနဲ့ အလွယ်တကူ တည်ဆောက်နိုင်ပြီးတော့ စီမံခန့်ခွဲရတာ လည်း လွယ်ကူစေပါတယ်။
၂. ကျွန်တော်တို့ လိုအပ်တဲ့ Storage နဲ့ compute capacity တွေကိုလည်း လိုအပ်ချက်အရ အတိုးအလျော့ လုပ်ဖို့လွယ်ကူစေပါတယ်။ ကိုယ်အသုံးပြုဖို့လိုအပ်တဲ့ specification ကို အလွယ်တကူ​ ရွေးချယ်ပြီး တည်ဆောက်နိုင်ပါတယ်။
၃. နောက်တခုကတော့ RDS က အလိုအလျောက် failover လုပ်ပေးတာမျိုး Replicaiton တွေ setup လုပ်ပေးတာမျိုးတွေ ပြုလုပ်ပေးခြင်းဖြင့် ကျွန်တော်တို့ အတွက် High Availability ကောင်းအောင် လုပ်ဆောင်ပေးပါတယ်။
၄. ကုန်ကျစရိတ်အနေနဲ့တော့ pay-as-you-go (သုံးသလောက်ပေး) ဖြစ်တဲ့အတွက် ကျွန်တော်တို့ အသုံးပြုတဲ့ capacity တွေ run time တွေ အတွက်သာ ပိုက်ဆံပေးရမှာဖြစ်ပါတယ်။

RDS ရဲ့ ပိုက်ဆံကုန်ကျမှုကို တွက်ချက်ရမယ်ဆိုရင်တော့

ပိုက်ဆံကုန်ကျမှု မှာဆိုရင် အောက်ပါ အတိုင်း (၄) မျိုး ရှိပါတယ် -
၁. Instance Costs (Hourly rate)
၂. On-Demand or Reserved (Payment Plan)
၃. Storage (EBS-Volumes)(SSD လိုမျိုး hard disk လိုမျိုးကို ဆိုလို)
၄. Data Transfer(Bandwidth)

၁. Instance Cost (Hourly rate)

ဒီတခုကတော့ ကျွန်တော်တို့ရွေးချယ်လိုက်တဲ့ instance type အမျိုးအစားပေါ်မူတည်ပြီး တနာရီကို ဘယ်လောက်ကျမလဲဆိုတဲ့ အပေါ်မှာ တွက်ချက်ထားတာပဲဖြစ်ပါတယ်။ Instance type တွေအကြောင်းတော့ ကျွန်တော် နောက်မှ ရေးပေးပါအုံးမယ်။ ကျွန်တော်တို့အနေနဲ့ မိမိတို့ အသုံးပြုမယ့် Workload ပေါ်မှာ မူတည်ပြီး instance type တွေကိုရွေးချယ်ဖို့လိုပါတယ်။ အောက်ပါ AWS Calculator ကနေ Pricing အကြမ်းဖျဥ်းကို ကြည့်နိုင်ပါတယ်။ AWS Calculator Link : https://calculator.aws

AWS Calculator ဖြင့် RDS ကုန်ကျငွေခန့်မှန်းခြင်း

ပုံထဲကလိုဆိုရင် ကျွန်တော်တို့အနေနဲ့ General Instnce type ထဲကဖြစ်တဲ့ db.m4.large(2 CPU x 8GB RAM x 30GB SSD) ရှိတဲ့ Mysql Database အမျိုးအစားကို $219.49 ကုန်ကျမှာဖြစ်ပါတယ်
Estimation Link : Estimation Link

ဒီနေရာမှာ Instance type အမျိုးအစားအလိုက် ပိုက်ဆံပေးရမယ့် amount ကလည်းကွဲပြားသွားနိုင်ပါတယ်။ High-performance instance type တွေဆိုရင် ပိုပြီးတော့ ပိုက်ဆံကုန်မှာ ဖြစ်ပါတယ်။

၂. On-Demand? (သို့မဟုတ်) Reserved?

ဒီနှစ်ခုကတော့ RDS ရဲ့ Instance တွေပေးချေဖို့ရမှာ အသုံးပြုလို့ရတဲ့ Pricing Models တွေပဲဖြစ်ပါတယ်။

  • On-demand - ကတော့ ကျွန်တော်တို့အနေနဲ့ instance ကို ခဏအသုံးပြုဖို့ စမ်းဖို့လည်းကောင်း၊အသုံးပြုရမယ့် Capacity အတိအကျမသိရသေးခင် အချိန်တွေမှာလည်းကောင်း၊ အလွယ်တကူ တည်ဆောက် လုပ်လို့လဲ​ရ ဖျက်လို့လဲ ရ ဆိုတဲ့အခြေအနေမှာ လည်းကောင်း တနာရီကို ဘယ်လောက်ဆိုပြီး ပေးသုံးတာမျိုးပဲဖြစ်ပါတယ်၊ ၁၀ နာရီသုံးရင် တနာရီကို ဘယ်လောက်ဆိုတာနဲ့ မြှောက်ပြီး ၁၀ နာရီစာအတွက် ပေးရတာမျိုးဖြစ်ပါတယ်။

  • Reserved - ကတော့ ကျွန်တော်တို့အနေနဲ့ အသုံးပြုဖို့လိုတဲ့ capacity တိတိကျကျသိရပြီးတဲ့ အချိန်ကျရင် တစ်နှစ်စာ သို့မဟုတ် သုံးနှစ်စာ အသုံးပြုမယ်ဆိုပြီး commitment ပေးပြီး ပေးချေတာပဲဖြစ်ပါတယ်။​
    Reserved payment model ကိုအသုံးပြုခဲ့ရင်တော့ သိသိသာသာ ပိုက်ဆံပေးရတာ သက်သာမှာဖြစ်ပြီး သတိပြုစရာအနေနဲ့ကတော့ capacity တိုးဖို့လိုလာတာတော့ လျော့ဖို့လိုလာတာမျိုး ( instance type ချိန်းဖို့) တို့ဆိုရင်တော့ အလွယ်တကူ ချိန်းလို့မရနိုင်ပါဘူး၊ နောက်တခုကတော့ မသုံးခင်ကလည်း ကြိုတင်ပြီး ပိုက်ဆံပေးရတာမျိုးလည်းရှိပါတယ်ခဗျာ၊ တစ်နှစ်စာဆို တနှစ်စာအတွက် ပေးလိုက်ရတာမျိုးပါခဗျာ။

  • Storage - ဒီတခုကတော့ ကျွန်တော်တို့ သိထားတဲ့ SSD လိုမျိုး disk usage အတွက်ပေးချေရတာမျိုးပဲဖြစ်ပါတယ်။ အပေါ်က ကျွန်တော်ပြထားတဲ့ example မှာဆို 30GB SSD အတွက် အောက်ပါ အတိုင်းပေးချေရတာမျိုးဖြစ်ပါတယ်။

Storage SSD Cost

Storage မှာသုံးမျိုးရှိပြီးတော့ ကျန်တဲ့ Data Transfer အကြောင်းနဲ့ Cost Optimize ဘယ်လိုလုပ်မလဲဆိုတာကိုတော့ နောက်ထပ် အပိုင်း (၂) မှာ ဆက်လက်ဖော်ပြပေးပါမယ်ခဗျာ။

အားလုံကိုကျေးဇူးတင်ပါတယ်ခဗျာ။ တခုခုအကျိုးရှိခဲ့ရင်တော့ Like, Comment & Share လေးလုပ်ခဲ့ပေးပါအုံးခဗျာ

ကောင်းသန့်လွင် aka DevKTOps
AWS Community Builder
Myanmar

Ref :
AWS
AWS Fundamentals Blog

Sentry image

See why 4M developers consider Sentry, “not bad.”

Fixing code doesn’t have to be the worst part of your day. Learn how Sentry can help.

Learn more

Top comments (0)

Best Practices for Running  Container WordPress on AWS (ECS, EFS, RDS, ELB) using CDK cover image

Best Practices for Running Container WordPress on AWS (ECS, EFS, RDS, ELB) using CDK

This post discusses the process of migrating a growing WordPress eShop business to AWS using AWS CDK for an easily scalable, high availability architecture. The detailed structure encompasses several pillars: Compute, Storage, Database, Cache, CDN, DNS, Security, and Backup.

Read full post

👋 Kindness is contagious

Please leave a ❤️ or a friendly comment on this post if you found it helpful!

Okay