အောက်ပါ code က
#include <iostream>
int main() {
int i = 10;
std::cout << "output: " << i;
return 0;
}
ဆိုရင် Console ပေါ်မှာ အောက်ပါ output ကို မြင်ရမှာ ဖြစ်ပါတယ်။
output: 10
ထူးဆန်းတာ တစ်ခုပြောပြရမယ်ဆိုရင် C++ မှာ variable တွေရဲ့ memory address ကို ကြည့်ချင်ရင် ကြည့်လို့ ရပါတယ်။
#include <iostream>
int main() {
int i = 10;
std::cout << "memory address of i: " << &i;
return 0;
}
အပေါ်က code မှာ &i
ဆိုတာက i
variable ရဲ့ memory address ကို ပြတာပါ။ ဥပမာ
memory address of output: 0x61fe14
ဒါမျိုးကို မြင်ရမှာပါ။
မှတ်ချက်
(memory address ဟာ computer တခုနဲ့ တခု တူမှာမဟုတ်ပါဘူး။)
Top comments (0)