DEV Community

Cover image for What is AWS RDS and RDS Pricing?(Part-2) (In Burmese)
KaungThant Lwin for AWS Community Builders

Posted on

7

What is AWS RDS and RDS Pricing?(Part-2) (In Burmese)

အားလုံး မင်္ဂလာပါ RDS နဲ့ ပတ်သတ်ပြီး ကျန်ရှိနေသေးတဲ့ အပိုင်း(၂)​ကို ယခုပို့စ်မှာ ဖော်ပြပေးချင်ပါတယ်ခဗျာ။
အပိုင်း(၁) ဖတ်ရန် -

RDS အတွက် ကုန်ကျစားရိတ်ကို တွက်ချက်ရမှာတော့ နောက်ထပ်ကျန်ရှိနေတဲ့ Data Transfer (Bandwidth) cost ပဲဖြစ်ပါတယ်ခဗျာ။​

Data Transfer cost ဆိုတာကတော့ ကျွန်တော်တို့ရဲ့ RDS Instance ကို create လုပ်ထားတဲ့ AWS ရဲ့ Data Centre ကနေ Data အသွင်း/အထုတ်လုပ်တဲ့ အခါ ကုန်တဲ့ ကုန်ကျစားရိတ်ပဲဖြစ်ပါတယ်။ Data ပမာဏပေါ်မှာ မူတည်ပြီးတော့ ကုန်ကျစားရိတ်ကွဲပြားသလို ကျွန်တော်တို့ RDS instance ရှိတဲ့ Region ပေါ်မှာ မူတည်ပြီးတော့လဲ ကုန်ကျစားရိတ်နှုန်းထားတွေ ကွဲပြားပါတယ်။

Data အသွင်း/အထုတ်ကို Inbound Data Transfer နဲ့ Outbound Data Transfer လို့ သတ်မှတ်ပါတယ်။

  • အတွင်းသို့ ဒေတာ ကူးပြောင်းခြင်း(Inboud Data Transfer) - အင်တာနက်ကနေ သို့မဟုတ် အခြားသော AWS Region မှာရှိတဲ့ Services တွေ (ဥပမာ- App တင်ထားတဲ့ EC2 instance လိုမျိုး) ကနေ မိမိရဲ့ RDS ထဲကို ဝင်လာတာမျိုးကို ဆိုလိုတာပါ၊
  • အပြင်သို့ ဒေတာ ပို့ဆောင်ခြင်း (Outbound Data Transfer) - မိမိရဲ့ RDS instance ကနေ အင်တာနက် သို့မဟုတ် အခြားသော AWS Region မှာရှိတဲ့ services တွေဆီကို Data တွေ ပို့ဆောင်ပေးခြင်းပဲဖြစ်ပါတယ်၊

အဓိကကတော့ ဘယ် နှ GB ပို့ဆောင်တယ် လက်ခံတယ်ဆိုတာမျိုးပါပဲ AWS ရဲ့ Pricing Calculator မှာ အနီးစပ်ဆုံး တွက်ချက် ကြည့်လို့ရပါတယ်ခဗျာ။

အခြားသော ကုန်ကျနိုင်ချေရှိတဲ့ အပိုင်းတွေကတော့ မိမိတို့ရဲ့ RDS Database ကြီးကို Backup လုပ်တာတို့ Mutli-Az Deployment သုံးတာတို့ဆို အပိုကုန်ကျ စားရိတ်တွေရှိနိုင်ပါတယ်။

RDS Cost တွေသက်သာအောင် ဘယ်လိုလုပ်မလဲ?

မှန်ကန်တဲ့ RDS Instance type ကို ရွေးချယ်ပေးရပါမယ် -

ဆိုလိုချင်တာကတော့ မိမိတို့ရဲ့ applicaiton, website တွေအနေနဲ့ ဒေတာဘေ့စ် performance ဘယ်လောက်လိုလဲဆိုတာ ကောင်းကောင်းနားလည်ဖို့ လိုပါတယ်။ RAM ဘယ်လောက်လိုတယ် CPU ဘယ်လောက်လိုတယ် နောက်ပြီး ဘယ်လိုမျိုး workloads တွေအသုံးပြုမှာလဲ? သာမန် application တွေ အတွက်ပဲလား? အသွင်း/အထုတ်များတဲ့ transaction တွေများတဲ့ app မျိုးလား? ဒီလို app အမျိုးအစားပေါ်မူတည်ပြီး သုံးသင့်တဲ့ RDS Instace type ကို ရွေးချယ်ပေးရပါမယ်။

မှှန်ကုန်တဲ့ storage (SSD) အမျိုးအစားကိုလဲ ရွေးချယ်တတ်ဖို့လိုပါတယ် -

ကျွန်တော်တို့ RDS မှာ storage အဖြစ် အသုံးပြုမယ့် Disk က ဘယ်အတွက်သုံးမှာလဲဆိုတာကို နားလည်ပြီး သေချာရွေးချယ်ဖို့လိုပါတယ်။ ကျွန်တော်တို့ App က Input/Output များတဲ့ database လိုရင် provisioned IOPS ဖြစ်တဲ့ EBS Volume အမျိုးအစားကို အသုံးပြုရမှာဖြစ်သလို သာမန် app မျိုးအတွက်ဆိုရင် သာမန် EBS Volume အမျိုးအစားကို အသုံးပြုရမှာဖြစ်ပါတယ်။ ဒီ EBS Volume အမျိုးအစားပေါ်မှာ မူတည်ပြီးတော့လဲ သာမန်အတွက်ဆို စျေးသက်သာပြီး IOPS လိုအပ်တာမျိုးအတွက်ဆို ပိုက်ဆံ ပိုကုန်ကျစေမှာဖြစ်ပါတယ်။

RDS resources တွေကို အမြဲ စောင့်ကြည့်စစ်ဆေးခြင်းကိုလဲ ပြုလုပ်ဖို့လိုအပ်ပါတယ်-

အထူးသဖြင့် ကျွန်တော်တို့ ရွေးချယ် အသုံးပြုထားတဲ့ CPUတွေ RAMတွေ ဘယ်လောက်သုံးနေလဲ? ဥပမာ usage တွေက နည်းနေတယ်ဆိုရင် ကျွန်တော်တို့က လျော့သင့်ရင် လျော့ပြီး cost သက်သာအောင် ပြုလုပ်ဖို့လိုအပ်ပါတယ်။​ Disk storage အတွက်လဲ ထိုနည်း၄င်းပါပဲ ခဗျာ။

အမြဲတမ်း အသုံးပြုစရာမလိုသော RDS Instance များကို ခဏရပ်ထားခြင်း -

အဓိကကတော့ Test လုပ်ဖို့အတွက် အသုံးပြုထားတာတို့ Developement အတွက် အသုံးပြုထားတဲ့ instance တွေဆိုရင် ကျွန်တော်တို့အနေနဲ့ အသုံးပြုစရာမရှိတဲ့ အချိန်တွေမှာ ရပ်ထားပြီး ကုန်ကျစားရိတ်ကို လျော့ချသင့်ပါတယ်ခဗျာ။ ဆိုလိုတာကတော့ ပိတ်ရက်မှာ အသုံးမပြုရဘူးဆို ပိတ်ရက်အတွက် schedule လုပ်ပြီး ရပ်တာမျိုး (Lambda နဲ့ လုပ်လို့ရ အချိန်ရရင် ရေးပေးပါမယ်)၊ ရုံးချိန်ပြင်ပမှာ အသုံးမပြုရင် ရပ်ထားတာမျိုးတို့ကို ပြုလုပ်ခြင်းအားဖြင့် ကုန်ကျစားရိတ်သက်သာအောင် လျော့ချလို့ရပါတယ်ခဗျာ။

နောက်တခုကတော့ ကျွန်တာ်အပိုင်း(၁)မှာ payment terms တွေနဲ့ပတ်သတ်ပြီး ပြောခဲ့တဲ့ အကြောင်းအရာထဲကမှ Reserve plan ဝယ်ယူပြီး လျော့စျေးတွေနဲ့တကွ သက်သာအောင် ပြုလုပ်ပေးလို့ရပါတယ်ခဗျာ။

သတိထားရမှာတော့ တစ်နှစ်စာ သို့မဟုတ် သုံးနှစ်စာ ဝယ်ယူရတာမျိုးဖြစ်တဲ့အတွက် မိမိအသုံးပြုဖို့လိုအပ်တဲ့ instance အမျိုးအစား capacity ဘယ်လောက်လဲဆိုတာမျိုး တိတိကျကျ သိပြီး ဝယ်ယူသင့်ပါကြောင်း အကြံပေးရင်းနဲ့ပဲ အပိုင်း(၂) ကို ဒီမှာပဲ ရပ်နားလိုက်ရပါတယ်ခဗျာ။

ကျွန်တော်ရဲ့ မျှဝေခြင်းတွေက အထောက်အကူပြုခဲ့ရင်တော့ dev.to မှာအကောင့်ဆောက်ပြီး Like, Comment လေးတွေ လုပ်ပေးကြပါအုံးခဗျာ။
မိမိတို့ရဲ့ social media မှာလဲ share လုပ်ပေးလို့ရပါတယ်ခဗျာ

အားလုံးကို ကျေးဇူးတင်စွာဖြင့်
Kaung Thant Lwin (aka) DevKTOps
AWS Community Builder
Myanmar

Heroku

Build apps, not infrastructure.

Dealing with servers, hardware, and infrastructure can take up your valuable time. Discover the benefits of Heroku, the PaaS of choice for developers since 2007.

Visit Site

Top comments (0)

Best Practices for Running  Container WordPress on AWS (ECS, EFS, RDS, ELB) using CDK cover image

Best Practices for Running Container WordPress on AWS (ECS, EFS, RDS, ELB) using CDK

This post discusses the process of migrating a growing WordPress eShop business to AWS using AWS CDK for an easily scalable, high availability architecture. The detailed structure encompasses several pillars: Compute, Storage, Database, Cache, CDN, DNS, Security, and Backup.

Read full post

👋 Kindness is contagious

Please leave a ❤️ or a friendly comment on this post if you found it helpful!

Okay